Pages

Saturday, May 17, 2014

Y511-T00 and U00 Firmware နှင့် တင်နည်းများ

Y511 ဖုန်းတွေမှာ မြန်မာစာအဆင်မပြေတာကြောင့်
မြန်မာစာစမ်းရင်း Firmware ပြန်မတက်တာတွေ ကြုံတာများနေကြပါပြီ…
အခု စီးရီးနှစ်ခုလုံးအတွက် လိုအပ်တဲ့ ဖိုင်တွေနဲ့ တင်နည်းတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်…

T00 အတွက်ပါ
လိုအပ်တဲ့ဖိုင်လေးတွေကို အရင်ဒေါင်းလိုက်ပါ။
Y511-T00 Firmware Link
Huawei Original Firmware Link
ဒေါင်းလို့ပြီးပြီဆိုရင် ရလာတဲ့ rar ဖိုင်ကိုဖြည်လိုက်ပါ။
folder ဒါတစ်ခုရပါမယ်.. အဲ့ folder ကိုထပ်ဖွင့်လိုက်ပါ။
အထဲက dload ဆိုတဲ့ folder ကို ကော်ပီယူပြီး format ရိုက်ထားတဲ့ sd ကဒ်ထဲကို ကူးထဲ့လိုက်ပါ။
Huawei တွေတင်နေကျ ပုံမှန်အတိုင်း vol up + vol down + power သုံးခုကိုနှိပ်ထားပေးလိုက်ပါ။
သူ့ဟာသူ update လုပ်သွားပါလိမ့်မယ်...ပြီးသွားပြီရင် auto restart ကျပြီး ပြန်တက်လာရင်ရပါပြီ။
တစ်ကယ်လို့ အဲ့ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင် recovery ကနေ ၀င်တင်ပါ။
Recovery ၀င်ဖို့ကတော့ power ကို ခဏဖိထားပါ...
တစ်ချက် တုန်သွားပြီဆိုရင် လွှတ်ပြီး vol up + vol down နှစ်ခုကို တပြိုင်နက်နှိပ်ပေးပါ။
recovery ကိုဝင်သွားပါလိမ့်မယ်...recovery ကနေ update zip from sd card ကနေ သွင်းပါ။

U00 အတွက်ပါ
လိုအပ်တဲ့ဖိုင်တွေကို အောက်မှာဒေါင်းပါ။
Y511-U00 Firmwares Link
HUAWEI_Y511-U00_XSJZB_ydss_by_ZX ကိုပဲရွေးဒေါင်းပါ..
ဖိုင်ကိုဒေါင်းပြီးရင် rar ဖြည်လိုက်ပါ။ ရလာတဲ့ folder ထဲမှာ spflash tool folder ရယ်၊
driver folder ရယ်ပါပြီးသားပါ။ driver သိအောင်အရင် install လုပ်ပါ။
ဖုန်းကို battery ဖြုတ်ပြီးကြိုးထိုးလိုက်ပါ။ found new hardware ... run ပါလိမ့်မယ်။
driver သိပြီးသားဆို သူ့ဟာသူ တက်သွားမယ်။ မသိသေးဘူးဆိုရင်
ဒေါင်းထားတဲ့ folder ထဲက driver ဖိုင်ကို device manager ကနေလမ်းကြောင်းပေးပြီး တင်ပေးလိုက်ပါ။
ပြီးသွားရင် ဖုန်းကို ခဏပြန်ဖြုတ်ထားပါ...
sp flash tool ကို run ပါ....Scatter-Loading ကိုနှိပ်ပါ။
ပြီးရင် ဒေါင်းထားတဲ့..folder ထဲက MT6572_Android_scatter_emmc.txt ဖိုင်ကို ရွေးပေးလိုက်ပါ။
Firmware Upgrade ကိုနှိပ်လိုက်ပါ။ နှိပ်ပြီးပြီဆိုရင် ဖုန်းကို battery ဖြုတ်ထားတဲ့အတိုင်း
ကြိုးထိုးပေးလိုက်ပါ။ အောက်က ဘားတန်းလေးမှာ အလုပ်လုပ်နေတာတွေ့ပါလိမ့်မယ်။
နည်းနည်းကြာပါတယ်... တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားတာကို စောင့်ပေးပါ။
နောက်ဆုံး ဘောက်လေးနဲ့ အစိမ်း ၀လုံးပုံလေးပေါ်လာမှပြီးမှာပါ။
အစိမ်းရောင် ၀လုံးလေးပေါ်လာပြီဆိုရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ။ ဒီ firmware က root ပါပြီးသားပါ။
အခုနောက်ထွက်တဲ့ MMAS Smart Zawgyi v1.3 နဲ့ အဆင်ပြေပါတယ်...
မရှိရင် တစ်ခါတည်း ဒေါင်းသွားနိုင်ပါတယ်... အားလုံးပဲ အဆင်ပြေကြပါစေဗျာ..

No comments:

Post a Comment