Pages

Tuesday, July 22, 2014

DropBox Free 71

အသုံးလိုမယ့် သူငယ်ချင်းများအတွက်ပါ... 

 

Esurfing phome မှ computer သို့ အင်တာနက်အသုံးပြုရန်

ဒီဆော့ဝဲလ် လေးကတော့ မိမိတို့ဖုန်းမှာ
အင်တာနက် လိုင်းဖွင့်ထားပြီးတော့
PC ကွန်ပြူတာမှာ အသုံးပြုရန်အတွက်
ဖြစ်ပါတယ်။




အသုံးပြုလိုသူများ

Sunday, July 20, 2014

ဖုန်းတွေအတွက် easy tether

တစ်ချို့ဖုန်းတွေမှာ USB tethering ကို on ပေမယ့် ကွန်ပျူတာမှာ အင်တာနက်သုံးလို့ မရတာတွေရှိပါတယ်။ အဲဒီလိုဖုန်းတွေအတွက် easy tether လေးပါ။  ဖုန်းအတွက် apk နဲ့ ကွန်ပျူတာအတွက် App ပါ တွဲထည့်ထားပါတယ်။ အောက်ကလင့်ကနေ ဒေါင်းနိုင်ပါတယ်။ 

Download

ဖုန်းငွေဖြည့်ကဒ် hack ဖို့ အတွက် Hacker-t

ဖုန်းငွေဖြည့်ကဒ် hack ဖို့ အတွက် Hacker-t မှ အကိုများရေးထားတဲ့ဖုန်းငွေဖြည့်ကဒ်ဟက်နည်းစာအုပ်လေးပါ။
ဗဟုသုတရဖို့အတွက်တင်ပေးချင်းဖြစ်ပါသည်။စမ်းပြီး ကလိချင်စိတ်ရှိသော သူ များ အောက်ကလင့်မှာ ဒေါင်းသွားနိုင်ပါတယ်။ 

Monday, July 14, 2014

How to make Myanmar Blog ( မြန်မာဘလော့တစ်ခု ပြုလုပ်နည်း) စာအုပ်




  မြန်မာဘလော့ဂါတစ်ခု ပြုလုပ်ပုံအဆင့်ဆင့်စာအုပ်ဖြစ်ပါတယ်။ ကျွန်တော်လည်း ဒီစာအုပ်နဲ့ပဲ ဘလော့ကို စတင်တည်ဆောက်ခဲ့တာပါ။ နောက်ပြီးမှ ဘလော့ကို ဆင်ယင်း ဒီအဆင့်ကို ရောက်လာပါတယ်။ ဒါတောင် ဘလော့ကို ဆင်ရင်း ဆင်ရင်းနဲ့ ပို့စ်တွေတောင် မတင်နိုင်သေးပါဘူး။ အခြားအကူအညီတွေလည်းလိုပါတယ်။ ဒီစာအုပ်ကတော့ သာမန် ဘလော့တစ်ခု တည်ဆောက်ပုံတည်ဆောက်နည်းတွေကို ရှင်းပြထားပါတယ်။ အခြား ဘလော့နဲ့ပတ်သက်တဲ့စာအုပ်တွေကိုလည်း တင်ပေးထားမှာဖြစ်ပါတယ်။
ကွန်နက်ရှင်မကောင်းလို့ minus တစ်ခုတည်းမှာပဲတင်ပေးထားပါတယ်

အဆင်ပြေပါစေ..


ဒေါင်းရန်

Making Blog ( Blog ပြုလုပ်နည်း စာအုပ် )

ဘလော့တစ်ခုလုပ်ဖို့ အခြေခံပြင်ဆင်ခြင်းအပိုင်း၊ ဘလော့လုပ်ဖို့အတွက် ဘာတွေလိုအပ်သလဲ ဘလော့မှာ ဘာတွေကို ဘယ်လိုထည့်ရမလဲ စသည်ဖြင့် အကျယ်တ၀င့်ရှင်းပြထားပါတယ်။ ဘလော့ကို စတင် လေ့လာ နေသူများအတွက် အထောက်အကူပြုစေချင်တဲ့ရည်ရွယ်ချက်နဲ့ တင်ပေးလိုက်ပါတယ်။

အဆင်ပြေပါစေ....


ဒေါင်းရန်

Wondershare PDF Editor v3.6.2.15 With LicenseKey



သူငယ်ချင်းတို့အတွက် PC မှာ မရှိ မဖြစ် လိုအပ်တဲ့ Software လေး တစ်ခု တင်ပေးလိုက်ပါတယ်.. Wondershare PDF Editor နောက်ဆုံး Version လေးဖြစ်ပါတယ်..ဒီsoftware အကြောင်းကို တော်တော်သူငယ်ချင်းတွေတော်တော်နားလည်းနိုင်ပြီးသားလိုကျနော်တင်ပေးလိုက်ပတယ်။န
နားမလည်းသူငယ်ချင်းတွေအတွက်ကျနော်
နည်းနည်းပြောလိုက်နော် ငိငိ.. တိန်... ကိုဝင်းလှိုင်ရယ် ကူညီးပါအုံးအကိုလာပြောတော့ကူညီရပြန်ပြီး ၀င်းလှိုင်ရေဒုက္ခ.....ငိငိငိငိ
သူက ဘာလုပ်လို့ရလဲဆိုတော့  PDF ဖိုင်တွေကို ဖန်တီး|ပြုပြင်နိုင်ရုံသာမက . Microsoft Word, PowerPoint, Excel, Epub စတဲ့ အမျိုးပေါင်း ၃၀၀ ကျော်ကို ပြောင်းလဲလို့ရပါတယ်..
နောက်ပြီး Scan လုပ်ထားတဲ့ PDF ဖိုင်တွေကိုပါ ပြောင်းနိုင်သလို..
PDF ကနေလဲ Word, PowerPoint, Excel, EPub စတဲ့ ဖိုင်တွေကို ပြန်လည် ပြောင်းနိုင်ပါသေးတယ်..
နောက်ပြီး OCR Digitize လုပ်တာ.. ဖိုင်ကို Password ခံတာ.. Forma တွေ လုပ်တာ တွေကိုပါ.. လုပ်လို့ရပါတယ်.. Official Site မှာ $79 ပေးရပါတယ်.. အခုဒီမှာတော့ Free ပါ..
License Key ပါ ထည့်ပေးလိုက်တာမို့ Keygen ကြောင့် တက်မဲ့ Virus အတွက် မပူရပါဘူး.. exe ကို install လုပ်ပြီးတာနဲ့ အင်တာနက် ပိတ် ပါ..
FireWall မှာ သွားပြီး Wondershare PDF Editor ကို အမှန်ခြစ်ထားရင်ဖြုတ်ပါ..
FireWall က Wondershare PDF Editor ကို Block လုပ်ထားမှ သုံးလို့ရမှာ ဖြစ်ပါတယ်.. Firewall က မဟုတ်ရင် ပေးထားတဲ့ Key က ဘန်းထားတယ် ဆိုပြီး ပေါ်လာပါ့မယ်.. အဲ့လိုပေါ်လာရင် အင်တာနက်ကို ပြန်ဖြုတ် Firewall ကနေ Wondershare ကို သေချာအောင် Block လုပ်ထားပါ..
မလုပ်တတ်ရင်လဲ ကိစ္စ မရှိပါဘူး Unregistered Version အနေနဲ့လည်း သုံးလို့ ရပါတယ်.. အဆင်ပြေပါစေဗျာ


Wondershare PDF Editor lets you not only edit PDF files quickly and easily, but also convert them to Word, PowerPoint, Excel and EPUB files. Additionally, thanks to an available OCR plug-in (sold separately), you can edit and convert scanned PDF files. It??™s everything you need to make last minute changes, rewrite entire sections, edit scanned PDF files, or convert to Office formats for heavy duty editing.

An Ultrafast PDF Editor You Can Afford
- Edit PDFs Exactly like a Word Processor
- Convert PDF to Word, PowerPoint, Excel and EPUB (Exclusive!)
- Edit or Convert Scanned PDFs (Available in OCR plug-in)
- Secure your PDFs with password protection
- Merge, split and extract PDF pages with ease
- Easily add comments, notes and more in PDF
- Create PDF from Word, PowerPoint, Excel, Text, etc.

Free Domain Name တစ်ခုရယူခြင်း(.tk)


ကျတော်ကိုယ်တိုင် သုံးပြီးပါပြီ စာအုပ်ရေးတဲ့သူကိုလည်းအရမ်းကျေးဇူးတင်ပါတယ်  free domain name သုံးချင်ရင်အောက်မှာယူနိုင်ပါတယ်

Download

Sunday, July 13, 2014

★★Lockdown Pro – App Lock Version : 1.2.0 (All Android)★★

ဒီကောင်လေးကတော့မိမိဖုန်းမှာ SMS, Gmail, Facebook, Whatsapp, SnapChat, Instagram, Viber, Line, တွေအပြင်အခြားသော App တွေကိုကိုယ်မသိပဲဖွင့်ကြည့်မရအောင် Pattern Lock, Classic Lock & Calculator Lock စသည့် 3 မျိုးထဲကကနေမိမိကြိုက်ရာနဲ့ရွေးပြီး lock ချထားလို့ရတဲ့ App လေးပါ။
ကိယ်မသိပဲဖုန်းကိုဖွင့်လိုက်တာနဲ့ ဘာနဲ့ဖွင့်မလည်းဆိုတာပုံမှာပြထားတဲ့အတိုင်းမေးပါမယ်။ကိုယ်မသိတဲ့
လူက၀င်ရောက်ကိုင်တွယ်အသုံးပြုပါ lock ကိုမဖြည်နိုင်လျှင်ဓါတ်ပုံရိုက်ထားပေးမှာဖြစ်ပါတယ်။Android : 2.2 နှင့်အထက်ကစပြီးအသုံးပြုနိုင်ပါတယ်။


You don’t want other people access and read your private information such as: email, message, photo and video… on your smart phone? It‘s too difficult for you to find out any solutions? So don’t worry too much, Lockdown Pro is an excellent app that helps you solve this problem.
Features:
. Lockdown Pro is the BEST app lock and privacy protect tool, it can lock any app, such as SMS, Gmail, Facebook, Whatsapp, SnapChat, Instagram, Viber, Line, Evernote, etc and special apps including Lock install/uninstall apps, Lock incoming calls, etc.
. One-tap to lock Apps.
. Auto lock new-install app.
. Lock screen: This feature will replace your default lock screen.
. Taking pictures after wrong password.
. Auto uploading pictures to Google Drive
. Auto send email with some info and pictures of the person who wants to access your phone.
. Auto lock & unlock when you get in/out your setting locations.
. Auto lock & unlock when connect/disconnect with wifi.
. Active lock apps with a SMS
. Three password modes: Pattern Lock, Classic Lock & Calculator Lock
. Fake Error Message (Distract from unauthorized access.).
. Random keyboard password
. Time pin password (Ex: If the time is 13:12, your PIN will be 1312)
. Themes store (so many beautiful themes for your choice)
. Screen timeout: The screen will never turn off when running registered app
. Auto-Rotate: The screen of your device will not auto-rotate when running registered app.
Facility Security:
. Prevent uninstall Lockdown Pro & clear the memory on some devices (Activate Device administrator)
. Lock Deactive Device administrator
. Hide Lockdown Pro icon (Remove Lockdown Pro icon on App Draw & Home screen)
Language support:
. Help me translate to your language: getlocalization.com/LockdownPro/
Size : 4.4M
Current Version : 1.2.0
Requires Android : 2.2 and up

Download

✏Memory stick ပြုပြင်​နည်း✏

-ဒီတစ်ခါတော့လူသုံးလည်းများ အပျက်လည်းများတဲ့ Memory stickတွေအကြောင်းကိုကျနော်သိတာလေးတွေကို ပြန်ပြီး မျှဝေလိုက်ပါတယ်
Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်-

-သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format
ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်-

-No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ-

-ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။

Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။စာဖတ်သူရဲ့Stickအပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။အသုံးလိုမယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ်-

★Download Bootice (100KB)★

★Download TestDisk (1.44MB)★


     အဆင်​​ပြေပါ​စေ။

Friday, July 11, 2014

All Updates Reader 2.0 ဗားရှင်းသစ် ထွက်ပြီ..


မိတ်ဆွေများအတွက် Android သုံး All Updates Reader 2.0 ကို ထုတ်ပေးလိုက်ပါပြီ.. ဒီ Application ကတော့ အရင်က အောင်မြင်ပြီးသား All Updates Reader ကို ဗားရှင်းမြှင့် ထုတ်ပေးလိုက်တာဖြစ်ပြီး ခေတ်နဲ့ မျက်ခြေမပြတ်စေဖို့ Update ဖြစ်နေတဲ့ သတင်း၊ နည်းပညာ၊ ကုန်ဈေးနှုန်း၊ အားကစား၊ ကျန်းမာရေး၊ ဗဟုသုတ၊ ဖျော်ဖြေရေး၊ ပညာရေး စတဲ့ ကဏ္ဍ တွေပါဝင်ပါတယ်.. အင်တာနက် ၅ မိနစ်ဖွင့်ပြီး Feeds တွေ ရယူကာ အေးအေးဆေးဆေး ထိုင်ဖတ်နိုင်ပါတယ်..

http://pro.downloadmm.com/bg2p98flewdd/AUR(White)2.0.apk.html

kowinmyooo.blogspot.com

Android နှင့် ပက်သက်သောကုဒ်နံပါတ်များ

  • Backup လုပ်ရန်
    *#*#273283*255*663282*#*#* -  {Backup လုပ်ရန်}


    Service mode သို့ဝင်ရန်
    *#*#197328640#*#* - {Service Mode သို့ဝင်ရန်}


    Reset လုပ်ရန်
    *2767*3855# –  {Factroy reset လုပ်ရန်}
     (မှတ်ချက် - reset လုပ်လျှင် မှတ်ထားသော အကြောင်းအရာများ၊ setting များ အကုန်ပျက်မည်။)


    *#*#7780#*#* - {Factory Data reset လုပ်ရန်}
    (မှတ်ချက် - Factory Data reset ပြုလုပ်လျှင် ဖုန်းထဲရှိ Google Account setting၊ install လုပ်ထားသော application၊ phone memory ထဲတွင် သိမ်းထားသော ဖုန်းနံပါတ်များ၊ ဖုန်းထဲတွင် Download ပြီး ဖုန်း memory ထဲတွင် သိမ်းထားသော game & application အားလုံးပျက်မည်။)


    Phone information ပိုင်းကြည့်ရန်
    *#*#4636#*#*- {battery information & history, phone information, usage statistics}
    *#*#0588#*#* – {Proximity sensor test}
  • *#*#2664#*#* – {Touch screen test}
  • *#*#2663#*#* – {Touch screen version}
  • *#*#0*#*#* – {LCD test စမ်းရန်}
  • *#*#0842#*#* – {Device test (Vibration test and BackLight test)}
  • *#*#3264#*#* – {RAM version စစ်ရန်}
  • *#*#0283#*#* – {Packet Loopback}
  • *#*#232331#*#* – {Bluetooth device စမ်းရန်}
  • *#*#232337#*# – {Bluetooth device address ကြည့်ရန်}
  • *#*#232338#*#* – {WiFi MAC address ကြည့်ရန်}
  • *#*#1472365#*#* – {GPS test လုပ်ရန်}
  • *#*#1575#*#* - {GPS test လုပ်ရန်}
kowinmyooo.blogspot.com

Gtalk chat ချင်သူများအတွက်

Gtalk ဆိုတာ တစ်ချိန်က နာမည်အရမ်းကြီးခဲ့ပေ
မယ် ယခုတော့ လူသုံးနည်းခဲ့ပါပြီး ဒါပေမယ့်
လည်း သုံးနေသူက ရှိစမြဲပါ ယူချင်သူများ
အောက်ကိုနှိပ်ပါ
filesize=593KB
version=1.0
download

Windows Boot တက်ချိန်ကို ပိုမိုမြန်ဆန်စေသော နည်းလမ်း(၅)မျိုး In ကွန်ပျူတာဆိုင်ရာ, In နည်းလမ်းများ

အားလုံးမင်္ဂလာပါခင်ဗျာ.... ကျွန်တော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဘလော့လေးကို လှည့်မကြည့်ဖြစ် တာတောင် တော်တော်ကြာ သွားပါတယ်.. အခုလည်း ဘလော့ပြန်ရေးမယ်ဆိုတော့ ဘာကစပြီးရေးရမှန်းမသိတာနဲ့.. ဒီပို့စ်လေးနဲ့ပဲ ပြန်ပြီးအစပြုလိုက်ရပါတယ်... တော်တော်များများကတော့ သိပြီးဖြစ်ပါလိမ့်မယ်.. ဘယ်လိုပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်အတွက် အသုံးဝင်သွားတယ်ဆိုရင် ရေးရကျိုးနပ်မယ်လို့ ယူဆပါတယ်။
ကျွန်တော်တို့ ကွန်ပျူတာစဖွင့်တဲ့အခါ Windows တက်တာနှေးတဲ့ပြဿနာကို ကြုံဖူးကြမှာပါ။ တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စရာပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အောက်ပါအတိုင်းဆောင်ရွက်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။
နည်းလမ်း(၁) Decrease Start up Delay
Start up Delay ကို လျှော့ချဖို့အတွက် Start --> Run ကိုသွားပြီး msconfig လို့ရိုက်ပါ။ Enter ခေါက်ပါ။ Popup Windows တစ်ခုတက်လာပါလိမ့်မယ်။ အဲဒီ System Configuration ထဲကမှ Boot ဆိုတဲ့ Tab ကိုသွားပါ  (General, Boot, Services, Startup, Toos စသည်ဖြင့် Tab များရှိပါသည်)။ Timeout ရဲ့အောက်က အကွက်ထဲမှာ 30 Seconds ကို 5 လို့ပြောင်းပြီး apply လုပ်လိုက်ပါ။
နည်းလမ်း(၂) Defragment your Hard Drive

ကွန်ပျူတာများကို ပိုမိုမြန်ဆန်သွက် လက်စေဖို့အတွက် Defreg ပြုလုပ်ခြင်းဟာလည်း အရေးပါတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Hard Drive ကို Defrag လုပ်ဖို့အတွက် Utility Software တွေ အများအပြားရှိနေပြီဖြစ်ပါတယ်။ အဲဒီ Software မရှိရင်လည်း Windows မှာပါလာပြီးသားဖြစ်တဲ့ Disk Defragment ကိုသုံးပြီးဖြေရှင်းလို့ရပါတယ်။ Start-->All Programs-->Accessories-->System Tools-->Disk Defragmenter။

နည်းလမ်း(၃)  Remove unwanted Startup Programs

Windows စတက်တက်ချင်းမှာပဲ မလိုအပ်တဲ့ Program တွေ Background မှာ Run နေတာဟာလည်း ကွန်ပျူတာရဲ့ Boot တက်ချိန်ကို ကြာမြင့်စေတဲ့ပြဿနာရပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ Program တွေ Run နေတာကို Remove လုပ်ပေးဖို့လိုပါတယ်။ အဲလိုလုပ်ဖို့အတွက် နည်းလမ်း(၁)က အဆင့်အတိုင်းပဲ Start-->Run (Search programs or files) မှာ msconfig လို့ရိုက်ပြီး Enter ခေါက်ပါ။ System Configuration ထဲက Services နဲ့ Startup Tab နှစ်ခုစလုံးမှာရှိတဲ့ (မလိုအပ်တဲ့) Programs များကို uncheck လုပ်ပေးလိုက်ပါ။

နည်းလမ်း(၄)  Deleate Temporary Files from Your Computer

ကွန်ပျူတာထဲမှာရှိတဲ့ Temporary Files တွေဟာ ကွန်ပျူတာကိုလေးလံစေပြီး များစွာနေရာယူတဲ့အတွက် ပုံမှန်ဖျက်ပေးဖို့လိုအပ်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် Start-->Run (Search programs or files) မှာ %temp% လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Temporary Files တွေပါတဲ့ Folder တစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီထဲမှာရှိတဲ့ File တွေအားလုံးကို delete လုပ်ပစ်လိုက်ပါ။

နည်းလမ်း(၅)  Scan Disk for Issues

My Computer ကိုသွားပြီး Drive C ပေါ်မှာ Right-Click ထောက်လိုက်ပါ ။ Properties ကိုသွားပါ။ ပြီးရင် Tools ဆိုတဲ့ Tab ကိုသွားပြီး Error-Checking မှာ Check now, Automatically fix file system error။ အထက်ပါအဆင့်များတစ်ခုပြီးတိုင်း Restart လုပ်ပေးဖို့လိုပါလိမ့်မယ်။ အားလုံးအဆင်ပြေကြပါစေ...
kowinmyooo.blogspot.com

Wednesday, July 9, 2014

ဖုန်း​ပြောရင်းနဲ့တဖက်​သူကိုသီချင်းသံပေးနား​ထောင်​မယ်

-ဒီ​ဆော့ဝဲလ်​ကို​ရွှေကရင်​​(ခေါ်​)စောမိတ်​မိတ်​မှုပြုပြင်​ဖန်​တီးထားထားပါ။
ဖုန်း​ပြောရင်​တဖက်​လူကိုသီချင်းဖွင့်​ပြလို့ရသလိုဖုန်းဘားမှာပါတဲ့icon​ လေး​တွေကိုလဲထည့်​သွင်း​ပေးထားတဲ့အတွက်​ဒီ​ဆော့ဝဲလ်​​လေးကmini statusbar​ဆော့ဝဲလ်​​လေးထက်​ပင်​​ကောင်း​နေပါ​statusbar​ဆော့ဝဲလ်​​လေးထက်​ ပင်​​ကောင်း​နေပါ​သေးတယ်-
-​အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ယူနိုင်​ပါပြီ-

EasyUSSD_v2.0.apk ( MECTel CDMA C800 ဖုန်းများ အင်တာနက်လျှောက်ရန် ပါဝင်... )

EasyUSSD_v2.0.apk 293 KB
မနေ့ကထုတ်ထားတဲ့ Easy USSD Update လေးပါ ....
Mectel တွေကို sms နဲ့ Internet လျှောက်ဖို့ ထပ်ထည့်ပေးထားပါတယ် ခင်ဗျ။

Download Link :  DOWNLOAD

Friday, July 4, 2014

VPN Unlimited For Android

ဒါလေးကတော့ အခုတလော မြန်မာပြည်မှ သူငယ်ချင်းများအတွက်ပါ။
FaceBook.com ကို Phome နှင့် အသုံးပြုသူများအတွက်
တစ်ကယ်ကို အသုံးဝင်သော ဆော့ဝဲလ် လေးဖြစ်ပါတယ်...



အသုံးပြုနည်းမသိပါကပြန်လည်ဆက်သွယ်ပေးပါ။
အဆင်ပြေအောင်ဆောင်ရွက်ပေးပါမည်။
ကိုဝင်းမျိုးဦး
နည်းပညာပြန်လည်မျှဝေခြင်း

PERFECT MONEY အသုံးပြုနည်း + PAIDVERTS မှ ငွေထုတ်နည်း + မြန်မာငွေလဲနည်း ( မြန်မာလို PDF )

ခုတစ်လော နာမည်ကြီးနေတဲ့ Paidverts Game & Paying Website မှာ ငွေထုတ်ပြီးမြန်မာငွေလဲနည်း တင်ပေးလိုက်ပါတယ် ..
ကဲ အားလုံးဘဲ အသုံးပြုပုံစာအုပ် လေ့လာနိုင်
ကြပါပြီ။



https://www.facebook.com/Ithelper.uvs မှကူးယူတင်ပြပါသည်။

Thursday, July 3, 2014

ဝက်ဆိုက်တစ်ခုလုံးကို ဒေါင်းယူထားပြီး Offline မှာလေ့လာဖို့


ဒီဆော့ဝဲက ကိုယ်သဘောကျတဲ့ ၀က်ဆိုက်တစ်ခုလုံးကို ဒါမှမဟုတ်ရင်လည်း အဲဒီဝက်ဆိုက်ထဲက ကိုယ်သဘောကျတဲ့ ပို့စ်တစ်ခုချင်းစီကို Download ယူထားပြီး အင်တာနက်လိုင်းမရှိပဲ Browser နဲ့ဖွင့်ပြီး အင်တာနက်ရှိနေတဲ့အတိုင်း လေ့လာလို့ရတဲ့ ဆော့ဝဲပဲ
 ဖြစ်ပါတယ်။
ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ         ဒီမှာ 

ဒေါင်းယူနိုင်ပါတယ်
ဒေါင်းပြီးရင် အထဲမှာ exe ဖိုင်နဲ့ keygen ချုံ့ဖိုင်ဆိုပြီး နှစ်ခုတွေ့ရပါမယ် 


exe ဖိုင်ကို Install မလုပ်ခင် Antivirus နဲ့ အင်တာနက် ကွန်နက်ရှင်ကို ခဏပိတ်ပေးထားရပါမယ်
Install လုပ်ပြီးရင် ပရိုဂရမ်ကို မ Run စေပဲ ပိတ်လိုက်ပါ

 
 


ပြီးရင် keygen ထဲက ဖိုင်ကို C >> Program files >> Inspyder Software Inc >> Inspyder Web2Disk ဆိုတဲ့ ဖိုဒါထဲကို ကူးထည့်လိုက်ပါ 





ပြီးရင် keygen ဖိုင်ကို Run လိုက်ပါ

ပွင့်လာတဲ့ထဲက Inspyder Web2disk 3 ဆိုတဲ့ ဆော့ဝဲကိုရွေးပေးပါ
အောက်မှာပေါ်နေတဲ့ထဲက email နဲ့ key ကို ကူးယူထားပြီး Notepad လေးထဲမှာ ဖြစ်ဖြစ် သိမ်းထားပါ
ပြီးရင် အောက်နားလေးက Patch ဆိုတာကို နှိပ်လိုက်ပါ ( ဆော့ဝဲအမျိုးအစားရွေးတာမှားရင် Target မတွေ့ကြောင်း error box တက်လာပါမယ် )
Successful ဖြစ်သွားရင် Exit ကိုနှိပ်ပြီး ထွက်လိုက်ပါ
ပရိုဂရမ်ကို Run လိုက်ပါ
Register လုပ်ခိုင်းပါလိမ့်မယ်
အဲဒီထဲက email နဲ့ Key နေရာမှာ စောဏ က ကူးယူထားတဲ့ email နဲ့ Key ကို ထည့်ပေးလိုက်ပါ
ပြီးရင် Ok ကိုနှိပ်ပေးလိုက်ပါ
ဒါဆိုရင် Full Version အဖြစ် သုံးလို့ရသွားပါပြီ


ကဲ .. ဘယ်လိုသုံးမှာလဲ ..
လွယ်ပါတယ် .. ပရိုဂရမ်ကို Run လိုက်ပါ။
အဲဒီထဲက Root URL အကွက်မှာ ကိုယ် ဒေါင်းချင်တဲ့ ၀က်ဆိုက်ရဲ့ လင့် ဒါမှမဟုတ် ကိုယ်ဒေါင်းချင်တဲ့ ပို့စ်ရဲ့ လင့်ကို ထည့်ပေးပြီး go ဆိုတာလေးကိုနှိပ်ပေးလိုက်ရုံပါပဲ
Complete ဖြစ်သွားတဲ့အခါ C >> နံမည် >>My Documents >> Website ဆိုတဲ့ ဖိုဒါထဲမှာ ကိုယ်ဒေါင်းထားတဲ့လေးတွေ ရောက်နေပါမယ် .. ဒေါင်းယူထားတာတော့ ဖိုင်တွေအများကြီးပဲဗျ ..
ဒါပေမယ့် တစ်ခုမှ ဖျက်ပစ်လို့မရပါဘူး .. Offline အတွက် အထောက်အပံ့ပေးမယ့် ဖိုင်တွေမို့ပါ
အဲဒီဖိုင်တွေထဲက အပြင်မှာရှိနေတဲ့ စာရွက်ပုံ xml / html ဖိုင်လေးကို Right click နှိပ် Open with ... Mozilla Firefox ( ဒါမှမဟုတ် ကိုယ်သုံးတဲ့ Browser ပေါ့ ) အဲဒီလိုဖွင့်လိုက်တာနဲ့
အင်တာနက်ဖွင့်ပြီး ၀က်ဆိုက်ထဲမှာ ၀င်ရောက်လေ့လာနေသလိုပဲ မြင်တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်က
သူငယ်ချင်းများအားလုံးကို လေးစားခင်မင်လျှက်...

  kowinmyooo.blogspot.com
 


ဒေါင်းလို့မရသေးသူများ
ပြန်လည်ပြောကြားပေးပါ
အဆင်ပြေအောင်ဆောင်ရွက်ပေးပါမည်။



ကိုဝင်းမျိုးဦး 
နည်းပညာပြန်လည်မျှဝေခြင်း